Walk For Freedom

Athein & Zaw Min Htwe will march 3,000 Miles from Portland,Oregon to New York UN office at 1st March

Two weeks 30 miles left to New York

“Mind is everything what you think you become”(Buddha) ဆိုသလို ကျတော်တို့ ရဲ့ ယုံကြည်ချက် ခံယူချက်တွေကြောင့် ဘယ်အရာမဆို ရယူလိုပါက စွန့် လွှတ်မှုတော့ရှိရစမြဲမို့  ကျတော်တို့ ရဲ့ နေ့ စဉ်မလျှာ့သောဇွဲနှင့် ကမ္ဘ္ဘာတ၀ှမ်းမှ ပြည်သူများ ဗမာပြည်သူတွေရဲ့  အတိဒုက္ခတွေကို သိရှိနားလည်ပြီး ကူညီပံ့ပိုးမှုရခဲ့လျင် မိမိတို့  အနေနှင့်အင်မတန်ပင် စွန့်လွှတ်ရကျိုး နပ်ကြောင်းပြောပါရစေ။

ဤဓါတ်ပုံကိုနှိပ်ပါက ၃၀၀၀ မိုင်နှင့်ပါတ်သက်သော နယူးယောက်ခ် နယ်မြေမှ သတင်းစာအား ဖတ်ရှုနိုင်ပါကြောင်း

Please click the Image , follow and read New York local News paper , thanks

ညီတော် နောင်တော်များနှင့် အမကြီးတို့ ခင်များ ကျတော်တို့ သည် နိုင်ငံရေးသမားများ မဟုတ်ကြသလို စစ်သွေးကြွပုန်ကန် အကြမ်းဖက်လိုသူများလည်း မဟုတ်ကြပါ။ ကျတော်တို့ သည် ပြည်သူများမှမွေးဖွားခဲ့ သော ၁၉၈၈ ကျောင်းသားဟောင်း လူငယ်များသာလျင်ဖြစ်ပါသည် ။ ငယ်ရွယ်ချိန်မှစ၍ မဟုတ်လျင် မခံတတ်သောစိတ်ဖြင့် အမှားကို အမှား အတိုင်းပွင့်ပွင့် လင်းလင်းမြင်တတ်သော မျက်စိများကြောင့်  တိုင်းပြည်မင်းပျက် အုပ်စိုးသူများ၏ ခေတ်အဆက်ဆက် ဖိနှိပ်မှူများကိုမခံရပ်နိုင်သောကြောင့် မိမိတို့ ၏ယုံကြည်ချက် နှင့် မှန်ကန်သောရပ်တည်ချက်တို့ ဖြင့် မိမိတို့ တတ်စွမ်းသောဥာဏ် ၀ရိယ ဇွဲတို့ ဖြင့် ဤကဲ့သို့ ဆင်းရဲခံကာချီတက်နေခြင်းအပေါ် အဖက်ဖက်မှ စိတ်အား အရသော် ၄င်း၊ လူကိုယ်တိုင်ပူးပေါင်းကူညီမှုဖြင့်သော် ၄င်း၊ ခရီးစဉ်တလျှောက် နေရာဒေသ အသီးသီးမှ ရေခြားမြေခြား ညီအစ်ကို မောင် နှမ အသီးသီး တို့ ၏ အထောက် အပံ့အကူအညီများအား ၄င်း ဤနေရာ မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း အသိပေး မှတ်တမ်းတင်အပ် ပါသည်။

ရဲဘော် ဇော်မင်းထွေး

ရဲဘော်အေသင်

ရဲဘော် ဥက္ကာ

၈၈ ကျောင်းသားမျိုးဆက်

July 23,2008 Posted by Asia stone | Protests | | No Comments