၃၀၀၀ မိုင် ခရီးရှည် ကျေးဇူးတင် မှတ်တမ်း
မတ်ခ်ျ လ ၁ ရက် ၂၀၀၈ နေ့  တွင် ကိုဇော်မင်းထွေး ၊ ကိုအေသင်တို့  နှင့် ကိုဥက္ကာ ရဲ ဘော် သုံးဦး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း အော်ရီဂွန်ပြည်နယ် ၊ ပေါ့လဲန့် မြို့ မှ စ တင်ထွက်ခွာချီတက် ခဲ့ပြီး ရက်ပေါင်း (၁၅၉) ရက် မိုင်ပေါင်း (၃၁၂၉) မိုင် တိတိ၊
နယူး ယောက်ခ်မြို့ သို့  (၈-၈-၂၀၀၈) မတိုင်မီ အရောက်၊ နေ့ စဉ်ရက်ဆက် ရာသီဥတု အခက် အခဲ နှင့် ဒေသ ခရီးကြမ်းများအား ဖြတ်သန်းလျက် ချီတက်ခဲ့ခြင်း အပေါ် ၊ အဖက်ဖက်မှ ရုပ်ဝတ္ထု အင်အားအရ လည်းကောင်း ၊ စိတ်ဓါတ် အင်အားအရ လည်းကောင်း၊ ဖြတ်သန်း သွားခဲ့ရာ နယ်မြေ ဒေသ တလျှောက် လှိုက်လှဲ ကြည်ဖြူစွာဖြင့်  ကူညီ ပံ့ပိုးပေးခဲ့ကြသော ခွပ်ဒေါင်းအပေါင်း အားလည်းကောင်း၊ လျှောက်လှမ်းရာ လမ်းတလျှောက်နှုတ်အားအရ သော်လည်းကောင်း၊ စိတ်အားအရ သော်လည်းကောင်း၊ ရေတစ်ပေါက်မျှပင် ပေးဆက် အားပေးခဲ့ကြသော အမေရိကန် ပြည်သူ ပြည်သားများလည်းကောင်း၊ နယူးယောက်ခ်မြို့  မှ သံဃာ အပေါင်းအား လည်းကောင်း၊ အေ ဘီ အက်စ် ဒီ အက်ဖ် ရဲဘော် ရဲမေ၊ ခွပ်ဒေါင်း အပေါင်း အားလုံးနှင့်ကမ္ဘာ့အရပ်ရပ်မှ နည်းမျိုးစုံဖြင့် ဆက်သွယ်မေးမြန်း အားပေးထောက် ခံခဲ့ ကြသော ပြည်သူ့ လူထုအပေါင်း အား ဤနေရာမှ အထူး မှတ်တမ်းတင်အပ်ပါ သည်။
(၃၀၀၀) မိုင် ခရီး ချောမွေ့ စေရေး အတွက် စိတ်ရင်း စေတနာ ထားလျက် ဗမာ့ ဘလော့ခ် အား ခရီး စတင်ချိန်မှ စ၍ ပြီးဆုံးသွားသည့် အထိ မအားလပ်သည့်ကြား မှ ကူညီ ပံ့ပိုး ပေးခဲ့  သော မသဒ္ဓါမေ အား ဤနေရာမှ ကျေးဇူး အထူးတင်ရှိပါသည်။
(၃၀၀၀) မိုင် ခရီး အခက်အခဲ မရှိစေရေးအတွက် ဗမာပြည်တွင်းမှ အထင်ကရ နာမည်ကြီး ကဗျာဆရာ ၊ အနုပညာ နှင့် ဂီတ ဆရာများ စုစည်းခဲ့သော ကမ်းကြည့်ငှက် အသင်း မှ ရံပုံငွေ ရှာဖွေရေး အဖွဲ့ အား ဤနေရာ ဤဘလောခ် မှ လက်အုပ်ချီလျက် ကျေးဇူး အထူး တင်ရှိပါကြောင်း အထူး မှတ်တမ်းပြုအပ်ပါသည်။
ဗမာပြည် ချစ်မြတ်နိုးသူအပေါင်း အားဦးညွှတ်လျက်
Appreciated comment on 3,000 miles to NY page
Dear Ko Zaw Min Htway and Partner,
Our country have had freedom from British since 1947. But we can’t even smell the smell of freedom, not to mention to taste it. When we count down the time, it has past 88 years now. We were against the dictatorship for so long that our students gave so many lives on 8.8.88. Even though those lives has been given away, thier spirits were with us to fight against the military government. To rememberance of those students, we celebrated students rememerace ceremony every year of 8.8.XX. From, our father, General Aung San to every patriots, we remember them every day.
I would like to encourage my friend, Zaw Min Htway, and his partner that they were sucessfully ended thier journal to the hope of every Burmese’s dream, FREEDOM. I applause that they have reached their destiny. As a commentary, I am sure that “Every beginning has an end”. You have successfully carried your duty of our, Burmeses’, future destiny.
With many appreciations,
Zaw Soe Ralhla (Zaw Zaw)
336-804-2108 (Call me Ko Zaw Min Htway)
We are at New York waiting for 8888
သံဃာဦးသျှောင် အဖွဲ့  နာယက ဦးပညာဒီပ နှင့် ၃၀၀၀ မိုင် ရဲဘော်များ
ကိုဇော်မင်းထွေး ၊ ကို အေသင်နှင့် ကိုဥက္ကာ ရဲဘော်သုံးဦးဟာ အခုဆိုလျင် နယူးယောက်ခ် မြို့ သို့ ရောက်ရှိနေကြပြီဖြစ်ပါသည်။ အနှစ် နှစ်ဆယ်မြောက် ၈၈၈၈ (၈) လေးလုံး အခမ်းအနား နှင့် အတူ ခရီးရှည်ချီတက် ခြင်းမှရရှိသောကမ္ဘာတ၀ှမ်းမှ ပြည် သူ့ လက်မှတ်များကို ကုလသမဂ္ဂဟာမင်းကြီးရုံးသို့  ၈ ရက် နေ့ တွင် ဗမာပြည်ရေးအတွက် UNမှ အရေးတယူဆောင်ရွက်နိုင်ရေးအတွက် တင်ပြ တောင်းဆိုသွားမည်ဖြစ်ပါကြောင်း ။
နယူးယောက်ခ်မှ ညီအစ်ကိုများ အနေနှင့် လည်း ၀င်ရောက် လက်တွဲ နိုင်ပါသည်။
Around the world spotlight to Burma situation
အောက်ပါနောင်တော်များပုံမှာ မကြာမှီ ခရီးစတင်တော့မည်ဖြစ်ပါကြောင်း ၊ သွားရောက်လည်ပါတ်လိုပါက
သတင်း
Asia stone
အင်္ဂလန်နိုင်ငံမှ ကျောင်းဆရာ ဗမာပြည်အတွက် စွန့် လွှတ် အနစ်နာခံမှု သတင်းအား ဤနေရာမှ လာရောက်လည်ပါတ်ပါရန်
http://barefeetforburma.blogspot.com/2008_05_17_archive.html
Dear friends,
It is now over seven months since I shaved my head and began walking barefoot in the wake of the brutal suppression of Burma’s saffron revolution.
It has been a truly amazing and enriching experience for me, from the first few months when everybody wanted to know what was happening and I received daily messages from well wishers, to now, when for me and almost everybody else, it has taken on a sense of normality.
Read more »
Two weeks 30 miles left to New York
“Mind is everything what you think you become”(Buddha) ဆိုသလို ကျတော်တို့ ရဲ့ ယုံကြည်ချက် ခံယူချက်တွေကြောင့် ဘယ်အရာမဆို ရယူလိုပါက စွန့် လွှတ်မှုတော့ရှိရစမြဲမို့  ကျတော်တို့ ရဲ့ နေ့ စဉ်မလျှာ့သောဇွဲနှင့် ကမ္ဘ္ဘာတ၀ှမ်းမှ ပြည်သူများ ဗမာပြည်သူတွေရဲ့  အတိဒုက္ခတွေကို သိရှိနားလည်ပြီး ကူညီပံ့ပိုးမှုရခဲ့လျင် မိမိတို့  အနေနှင့်အင်မတန်ပင် စွန့်လွှတ်ရကျိုး နပ်ကြောင်းပြောပါရစေ။
ဤဓါတ်ပုံကိုနှိပ်ပါက ၃၀၀၀ မိုင်နှင့်ပါတ်သက်သော နယူးယောက်ခ် နယ်မြေမှ သတင်းစာအား ဖတ်ရှုနိုင်ပါကြောင်း
Please click the Image , follow and read New York local News paper , thanks
ညီတော် နောင်တော်များနှင့် အမကြီးတို့ ခင်များ ကျတော်တို့ သည် နိုင်ငံရေးသမားများ မဟုတ်ကြသလို စစ်သွေးကြွပုန်ကန် အကြမ်းဖက်လိုသူများလည်း မဟုတ်ကြပါ။ ကျတော်တို့ သည် ပြည်သူများမှမွေးဖွားခဲ့ သော ၁၉၈၈ ကျောင်းသားဟောင်း လူငယ်များသာလျင်ဖြစ်ပါသည် ။ ငယ်ရွယ်ချိန်မှစ၍ မဟုတ်လျင် မခံတတ်သောစိတ်ဖြင့် အမှားကို အမှား အတိုင်းပွင့်ပွင့် လင်းလင်းမြင်တတ်သော မျက်စိများကြောင့် တိုင်းပြည်မင်းပျက် အုပ်စိုးသူများ၏ ခေတ်အဆက်ဆက် ဖိနှိပ်မှူများကိုမခံရပ်နိုင်သောကြောင့် မိမိတို့ ၏ယုံကြည်ချက် နှင့် မှန်ကန်သောရပ်တည်ချက်တို့ ဖြင့် မိမိတို့ တတ်စွမ်းသောဥာဏ် ၀ရိယ ဇွဲတို့ ဖြင့် ဤကဲ့သို့ ဆင်းရဲခံကာချီတက်နေခြင်းအပေါ် အဖက်ဖက်မှ စိတ်အား အရသော် ၄င်း၊ လူကိုယ်တိုင်ပူးပေါင်းကူညီမှုဖြင့်သော် ၄င်း၊ ခရီးစဉ်တလျှောက် နေရာဒေသ အသီးသီးမှ ရေခြားမြေခြား ညီအစ်ကို မောင် နှမ အသီးသီး တို့ ၏ အထောက် အပံ့အကူအညီများအား ၄င်း ဤနေရာ မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း အသိပေး မှတ်တမ်းတင်အပ် ပါသည်။
ရဲဘော် ဇော်မင်းထွေး
ရဲဘော်အေသင်
ရဲဘော် ဥက္ကာ
၈၈ ကျောင်းသားမျိုးဆက်
88 Generation Students statement in Burmese
Please click the peacock flag and read our statement . Thanks for the statement who supported to 88 generation students .
နောင်တော် ညီငယ် နှင့် အမကြီးတို့ ခင်များ ကျတော်တို့ ရဲ့  ထုတ်ပြန်ကြေငြာချက်ကို ခွပ်ဒေါင်းပုံအားနှိပ်၍ ဖတ်ရှုနိုင်ပါကြောင်း။ ဤထုတ်ပြန်ကြေငြာချက်ကို ကမကထ ပြုပေးခဲ့ တဲ့  ရဲဘော်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း
16th July 08 New jersey
67 Miles left to New York , Ko zaw Min htwe , Ko Athein and Ko Oaka will rest two weeks before 8888 , 20 years aniversary day . For more information please contact Ko Athein and Ko Zaw Min htwe for their arrangement .






























































































































































































































































