Walk For Freedom

Athein & Zaw Min Htwe will march 3,000 Miles from Portland,Oregon to New York UN office at 1st March 2008

8th June 08 ( 88 generation statement )

မိုင် ၃၀၀၀ ကျော်ခရီးရှည်ချီတက်နေသော ၈၈ မျိုးဆက်ကျောင်းသားများမှ ပြည်သူလူထုသို့ပန်ကြားချက်

ပြည်တွင်း၊ပြည်ပရှိ ရဟန်းရှင်လူကျောင်းသားပြည်သူများခင်ဗျား…။

(၁)နအဖ စစ်အာဏာရှင်အစိုးရ၏ ဖိနှိပ်ရက်စက်မှုအောက် အမိမြန်မာပြည်၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး အခက်အခဲအကြပ်အတည်း များစွာကို အားလုံးကြားသိပြီးဖြစ်ပါသည်၊နအဖ စစ်အုပ်စု၏ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်မှုနှင့် ဖိနှိပ်နေမှုများသည်လည်း ပိုမိုတိုး၍သာ လာနေသည့်အခြေအနေဖြစ်သည်၊မေ ၉၀ ရွေးကောက်ပွဲရလာဒ်ကိုပြစ်ပယ်၍ စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ပေးမည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ကိုအတည်ပြုနိုင်ဖို့ လိမ်လည်လှည့်စားမှု ခြိမ်းခြောက်မှုမျိုးစုံဖြင့် ဟန်ပြလူထုဆန္ဒခံယူပွဲကိုကျင်းပ၍ လူထုကအမှန်တကယ် ထောက်ခံကြောင်း အရှက်မရှိကြေငြာခဲ့သည်။နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီအသက်ဆုံးရှူံးခဲ့မှုကို စာနာခြင်းကင်းမဲ့စွာ လူမဆန် စွာဖြင့် လေဘေးဒုက္ခသည်များအား အားစိုက်ကူညီကယ်တင်ရေးထက် ၎င်းတို့အာဏာတည်မြဲရေးအတွက်သာ ဦးစားပေးလုပ်ဆောင် နေမှုကိုလည်း မျက်နှာပြောင်တိုက်၍ လုပ်ရဲသည်၊ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် အတွေးအခေါ်နှင့်လုပ်ဟန်ပင်ဖြစ် သည်။တိုင်းရင်းသား လူမျိုးစုများစွာမှာလည်း စစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် ဆင်းရဲဒုက္ခကြီးစွာခံစားနေရမြဲဖြစ်သည်၊ပြည်သူလူထုဘ၀မှာ တနေ့ထက်တနေ့ ကြပ်တည်းမွဲတေသောရင်ဆိုင်မှုများဖြင့်သာ ကြုံတွေ့နေရသည်။

(၂)မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ပြည်သူလူထုဘ၀ သာယာအေးချမ်းရေးအတွက် တိုက်ပွဲဝင်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ကို မင်းကိုနိုင် တို့အပါအ၀င်နိုင်ငံရေးလှူပ်ရှားနေသူများစွာမှာလည်း စစ်အုပ်စု၏ ဖမ်းဆီးထိမ်းသိမ်းခြင်းကိုခံနေကြရသည် ၊NLD ပါတီဝင်များ မတရား ရက်စက်အနိုင်ကျင့်မှုနည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေကြရသည်ကိုလည်း အားလုံးကြားသိပြီးဖြစ်သည်၊စက်တင်္ဘာလ သံဃာတော်များ ၏သပိတ်မှောက်ကံဆောင်မှုကို အကြမ်းဖက်၍ဖြိုခွဲခဲ့သည်မှာလည်း တကမ္ဘာလုံးအသိပင်။ စစ်အုပ်စုမှာ ၎င်းတို့ တရားဝင်ဖိနှိပ်ရက်စက် ခွင့်ရအောင်ဆက်လက်၍ ကြိုးစားနေပါဦးမည်၊အလွယ်အကူအလျှော့ပေးမည်မဟုတ်ပါ။

(၃)အမိမြန်မာပြည်သူလူထု ငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် စစ်အုပ်စုအုပ်ချုပ်နေသရွေ့ဟန့်တားနှောင့်ယှက်မှုများဖြင့် ကြုံ တွေ့နေပါလိမ့်မည်၊အကောင်အထည်ဖေါ်နိုင်မည်မဟုတ်ပါ၊ထို့ကြောင့် စစ်အုပ်စုကို ဖြိုဖျက်နိုင်ဖို့ ပြည်သူလူထုအားလုံး ၀ိုင်းဝန်းဆန့်ကျင် တိုက်ပွဲဝင်မှရပါလိမ့်မည်၊တိုက်ပွဲနည်းနာပေါင်းစုံဖြင့်တော်လှန်ကြရပါမည်။

မိမိတို့ ၈၈ စစ်ကြောင်းမှ ပြည်သူလူထုအားပန်ကြားလိုသည်မှာ…

-၂၀၀၈ ခုနှစ်အတွင်း စစ်အုပ်စု ဖြုတ်ချရေးတိုက်ပွဲ အရှိန်ကို တတ်နိုင်သမျှမြှင့်တင်စေလိုပါသည်၊

-တိုက်ပွဲနည်းနာပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်ကြရန်တပ်လှန့်နိုးဆော်ပါသည်။

-ယခုနှစ် ဇူလိုင် (၁၉) ရက်နေ့မှစ၍ ပြည်တွင်း၊ပြည်ပ ရှိမြန်မာပြည်သူများအားလုံး တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် လူထုဆန္ဒပြပွဲ ကြီးများဖြစ်အောင် ပြင်ဆင်လုပ်ဆောင်ကြပါရန် ပန်ကြားလိုက်ပါသည်၊

စစ်အုပ်စု မုချကျဆုံးစေရမည်..။

၈၈ စစ်ကြောင်း

၈၈ မျိုးဆက်ကျောင်းသားများ

ရဲဘော် အေသင်

ရဲဘော် ဇော်မင်းထွေး

(ဤထုတ်ပြန်ချက်ကို ပြုစုပေးသော ဗမာပြည်လွတ်မြောက်ရေးကို လိုလားသည့်စေတနာရှင်အား အသိမှတ်ပြုမှတ်တမ်းတင်အပ်ပါသည်)

့You may need font to read our statement , look at left side bar we have EXE font file to download and install. Thanks for visiting our page.

June 8, 2008 - Posted by | Protests

1 Comment »

  1. This is very good thing that you guys are doing and I encouraged you guys. I am 88 born, too. Keep doing what you guys are doing and freedom will be there soon. Hopefully our dreams and hopes will become reality soon. But to do that there must be an military intervention.. FREE BURMA, FREE BURMA, FREE BURMA…

    Comment by Thant Zaw Aung | June 9, 2008 | Reply


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: