Walk For Freedom

Athein & Zaw Min Htwe will march 3,000 Miles from Portland,Oregon to New York UN office at 1st March 2008

7th June 08

Yesterday Athein and Zaw min htwe arrived Forth Wayne-Indiana. They were welcomed by Burmese community, former ABSDF and political organizations group from Indiana state and also walk together and entered to central of the forth wayne City.

ဇွန် လ ၇ ရ က် နေ့ တွင် ကိုဇော်မင်းထွေးနှင့် ကို အေသင်တို့  အင်ဒီယားနားပြည်နယ် ရှိ ဖို့  ဝိန်း မြို့ သို့  ၀င်ရောက်ခဲ့ရာ ၄င်းပြည်နယ် အတွင်းနေထိုင်လျက်ရှိကြသော ယခင် ရဲဘော် ဟောင်းများဖြစ်သည့် မကဒတ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ တပ်ဖွဲ့ ဝင်ရဲဘော်ဟောင်းများ ၊လူမျိုးစုအဖွဲ့  အစည်းမှတာဝန် ဗမာပြည်လွတ်မြောက်ရေးအတွက် ထမ်းဆောင်ဆဲပုဂ္ဂိုလ်များ၊ ၁၉၈၈ ကျောင်းသား မျိုးဆက်များနှင့် မျိုးဆက်သစ် ပြည်ချစ်လူငယ်များ မှရင်းနီးစွာဖြင့်ကြိုဆိုပွဲပြုလုပ်ခဲ့ခြင်း အပေါ်၈၈ကျောင်းသား မျိုးဆက် ဘလောခ်မှနေ၍ အသိမှတ်ပြုမှတ်တမ်း ပြုစုအပ်ပါသည် နောင်တော်တို့  အနေနှင့် လည်းအခါအား လျော် သလိုဗမာပြည် အရေးနှင့်ပါတ်သက်၍တတ်နိုင်သည် ဖက်မှ ကုညီပံ့ပိုး နေလိမ့် မည် ဟု ၈၈ ကျောင်းသားမျိုးဆက်မှမျှော်လင့်ပါသည် ။ ကိုဇော်မင်းထွေး နှင့် ကို အေသင် တို့  လွန်ခဲ့သည့် ၃ လမှ စ၍ အမေရိကန်ပြည်ထောင်စုကုန်းပြင်မြင့် အနောက်ဖက် ခြမ်းရှိအော်ရီဂွန် မြို့  မှ အရှေ့  ဖက်ခြမ်းတွင် တည်ရှိလျက်ရှိသော နယူးယောက်ခ် မြို့  သို့ ဦးတည်လျက် မိုင်ပေါင်း၃၀၀၀ ကျော်ချီတက်လျက် ကမ္ဘာတ၀ှမ်းမှပြည်သူများ နိုင်ငံအသီးသီး မှနယ် ခြား နိုင် ငံသားများအား ဗမာပြည်၌ဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေနှင့် လူမဆန်စွာ အုပ်စိုးနေမှု အပေါ်မီးမောင်းထိုးပြသည့်  အနေနှင့်သော်၎င်း။ ကမ္ဘာ့ကုလသမဂ္ဂ မှဦးဆောင်၍ လူအခွင့်အရေးချိုးဖေါက်နေသော ဗမာစစ်အကြမ်းဖက်စစ်အစိုးရအား အရေးယူဆောင်ရွက်စေရန်ရည် ရွယ်လျက် နေ့ စဉ်ရက်ဆက် ချီတက်ဆန္ဒပြမှု အပေါ် စိတ်အားအရသော်၎င်း အခြားသောဘက်ပေါင်းစုံမှကူညီပေးခဲ့သူ များအားလုံးကို ဤနေရာမှနေ၍ မှတ်တမ်းတင်အပ်ပါသည်။ ကို အေသင်နှင့် ကိုဇော်မင်းထွေး မှာ ယခု ဆိုလျင် မိုင်ပေါင်း ၂၅၀၀ နီးပါးဖြတ်သန်းခဲ့ပြီးပြီ ဖြစ်ပြီး ကျန်ရှိနေသေးသော မိုင်ပေါင်း ၇၀၀ ကျော် ကို နောက် နှစ်လအတွင်း ၈-၈-၈၈ မတိုင်မှီ ကုလသမဂ္ဂရုံးသို အရောက် ချီတက်သွားမည် ဖြစ်ပါသည် ။ လက်ရှိ ရာသီဥတု အခြေအနေမှာ ယခင်ကဲ့သို့ မဟုတ်ဘဲ အလွန်ပူပြင်းသည် ရာသီဥတုကို နေ့ စဉ်ရရှိနေသောကြောင့် ခရီးသွားမိုင်နုန်ုးမှာ ၃၀မိုင်နုန်း မှ တနေ့ လျင် ၂၅ မိုင်နုန်းဖြင့် ချီတက်သွားမည်ဖြစ်ပါကြောင်း နှင့် ရှေ့  ခရီးတလျှောက်တွင် ပါဝင် လမ်းလျှောက် လို ပါကလည်း ကိုအေသင် နှင့်ကို ဇော်မင်းထွေးတို့  အားဆက်သွယ်မေးမြန်းလျက် အတူပါဝင် ချီတက်နိုင်ပါကြောင်း အသိပေးအပ်ပါသည် ။ ဗမာပြည် လွတ်မြောက်ရေးနှင့်ငြိမ်းချမ်းရေးကို ဦးတည်လျက်။

၈၈ ကျောင်းသား မျိုးဆက်

အခုလိုလှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုခဲ့ကြတဲ့ အစ်ကို အစ်မရဲဘော်ပေါင်းတို့ ကို ကျေးဇူးတင်ပါတယ်ဗျာ ဗမာပြည်ကပြည်သူတွေက အစ်ကိုအစ်မတို့ ကိုမျှော်လင့်နေကြတယ်ဆိုတာမမေ့ပါနဲ့ ။

June 9, 2008 - Posted by | Protests

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: