3000 Miles to New York Video play list
၃၀၀၀ မိုင်ရဲ့ ခရီးစဉ် အစမှ အဆုံး ဓါတ်ပုံမှတ်တမ်း အားလုံးကို Youtube play list ထဲမှာ ထည့် ထားပြီးဖြစ်တဲ့ အတွက် ကြည့်ရှု နိုင်ပါတယ်ခင်ဗျား။ အစဉ်မပျက်လာရောက်ကြည့်ရှု နေသူ အပေါင်းအားလည်း ခင်မင်စွာ ကျေးဇူးတင်ပါတယ်။
(တင်နေဆဲ)
၁၉ ဖိုင် မှာဤ ဗီဒီယို ထဲတွင်ရှိပြီးကျန် ဖိုင်များ ဆက်လက် ကြည့်ရှုလိုပါက http://www.youtube.com/user/Downtamun
၃၆၀၀ မိုင် ခရီးရှည် ကျေးဇူးတင် မှတ်တမ်း
မတ်ခ်ျ လ ၁ ရက် ၂၀၀၈ နေ့  တွင် ကိုဇော်မင်းထွေး ၊ ကိုအေသင်တို့  နှင့် ကိုဥက္ကာ ရဲ ဘော် သုံးဦး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း အော်ရီဂွန်ပြည်နယ် ၊ ပေါ့လဲန့် မြို့ မှ စ တင်ထွက်ခွာချီတက် ခဲ့ပြီး ရက်ပေါင်း (၁၅၉) ရက် မိုင်ပေါင်း (၃၅၉၀) မိုင် တိတိ၊
နယူး ယောက်ခ်မြို့ သို့  (၈-၈-၂၀၀၈) မတိုင်မီ အရောက်၊ နေ့ စဉ်ရက်ဆက် ရာသီဥတု အခက် အခဲ နှင့် ဒေသ ခရီးကြမ်းများအား ဖြတ်သန်းလျက် ချီတက်ခဲ့ခြင်း အပေါ် ၊ အဖက်ဖက်မှ ရုပ်ဝတ္ထု အင်အားအရ လည်းကောင်း ၊ စိတ်ဓါတ် အင်အားအရ လည်းကောင်း၊ ဖြတ်သန်း သွားခဲ့ရာ နယ်မြေ ဒေသ တလျှောက် လှိုက်လှဲ ကြည်ဖြူစွာဖြင့်  ကူညီ ပံ့ပိုးပေးခဲ့ကြသော ခွပ်ဒေါင်းအပေါင်း အားလည်းကောင်း၊ လျှောက်လှမ်းရာ လမ်းတလျှောက်နှုတ်အားအရ သော်လည်းကောင်း၊ စိတ်အားအရ သော်လည်းကောင်း၊ ရေတစ်ပေါက်မျှပင် ပေးဆက် အားပေးခဲ့ကြသော အမေရိကန် ပြည်သူ ပြည်သားများလည်းကောင်း၊ နယူးယောက်ခ်မြို့  မှ သံဃာ အပေါင်းအား လည်းကောင်း၊ အေ ဘီ အက်စ် ဒီ အက်ဖ် ရဲဘော် ရဲမေ၊ ခွပ်ဒေါင်း အပေါင်း အားလုံးနှင့်ကမ္ဘာ့အရပ်ရပ်မှ နည်းမျိုးစုံဖြင့် ဆက်သွယ်မေးမြန်း အားပေးထောက် ခံခဲ့ ကြသော ပြည်သူ့ လူထုအပေါင်း အား ဤနေရာမှ အထူး မှတ်တမ်းတင်အပ်ပါ သည်။
(၃၀၀၀) မိုင် ခရီး ချောမွေ့ စေရေး အတွက် စိတ်ရင်း စေတနာ ထားလျက် ဗမာ့ ဘလော့ခ် အား ခရီး စတင်ချိန်မှ စ၍ ပြီးဆုံးသွားသည့် အထိ မအားလပ်သည့်ကြား မှ ကူညီ ပံ့ပိုး ပေးခဲ့  သော မသဒ္ဓါမေ အား ဤနေရာမှ ကျေးဇူး အထူးတင်ရှိပါသည်။
(၃၀၀၀) မိုင် ခရီး အခက်အခဲ မရှိစေရေးအတွက် ဗမာပြည်တွင်းမှ အထင်ကရ နာမည်ကြီး ကဗျာဆရာ ၊ အနုပညာ နှင့် ဂီတ ဆရာများ စုစည်းခဲ့သော ကမ်းကြည့်ငှက် အသင်း မှ ရံပုံငွေ ရှာဖွေရေး အဖွဲ့ အား ဤနေရာ ဤဘလောခ် မှ လက်အုပ်ချီလျက် ကျေးဇူး အထူး တင်ရှိပါကြောင်း အထူး မှတ်တမ်းပြုအပ်ပါသည်။
ဗမာပြည် ချစ်မြတ်နိုးသူအပေါင်း အားဦးညွှတ်လျက်
Appreciated comment on 3,000 miles to NY page
Dear Ko Zaw Min Htway and Partner,
Our country have had freedom from British since 1947. But we can’t even smell the smell of freedom, not to mention to taste it. When we count down the time, it has past 88 years now. We were against the dictatorship for so long that our students gave so many lives on 8.8.88. Even though those lives has been given away, thier spirits were with us to fight against the military government. To rememberance of those students, we celebrated students rememerace ceremony every year of 8.8.XX. From, our father, General Aung San to every patriots, we remember them every day.
I would like to encourage my friend, Zaw Min Htway, and his partner that they were sucessfully ended thier journal to the hope of every Burmese’s dream, FREEDOM. I applause that they have reached their destiny. As a commentary, I am sure that “Every beginning has an end”. You have successfully carried your duty of our, Burmeses’, future destiny.
With many appreciations,
Zaw Soe Ralhla (Zaw Zaw)
336-804-2108 (Call me Ko Zaw Min Htway)
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ် မှရဟန်းတော်များ၏ နာဂစ် မုန်တိုင်းအတွက် အစည်းအဝေး
We are at New York waiting for 8888
သံဃာဦးသျှောင် အဖွဲ့  နာယက ဦးပညာဒီပ နှင့် ၃၀၀၀ မိုင် ရဲဘော်များ
ကိုဇော်မင်းထွေး ၊ ကို အေသင်နှင့် ကိုဥက္ကာ ရဲဘော်သုံးဦးဟာ အခုဆိုလျင် နယူးယောက်ခ် မြို့ သို့ ရောက်ရှိနေကြပြီဖြစ်ပါသည်။ အနှစ် နှစ်ဆယ်မြောက် ၈၈၈၈ (၈) လေးလုံး အခမ်းအနား နှင့် အတူ ခရီးရှည်ချီတက် ခြင်းမှရရှိသောကမ္ဘာတ၀ှမ်းမှ ပြည် သူ့ လက်မှတ်များကို ကုလသမဂ္ဂဟာမင်းကြီးရုံးသို့  ၈ ရက် နေ့ တွင် ဗမာပြည်ရေးအတွက် UNမှ အရေးတယူဆောင်ရွက်နိုင်ရေးအတွက် တင်ပြ တောင်းဆိုသွားမည်ဖြစ်ပါကြောင်း ။
နယူးယောက်ခ်မှ ညီအစ်ကိုများ အနေနှင့် လည်း ၀င်ရောက် လက်တွဲ နိုင်ပါသည်။
-
Archives
- June 2009 (1)
- May 2009 (1)
- March 2009 (1)
- November 2008 (1)
- August 2008 (7)
- July 2008 (16)
- June 2008 (26)
- May 2008 (26)
- April 2008 (30)
- March 2008 (38)
-
Categories
-
RSS
Entries RSS
Comments RSS











































































































